ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားများကို တွေ့ရှိပါက သတင်းပေးရန် မေတ္တာရပ်ခံခြင်း

ဘားအံ၊ အောက်တိုဘာလ ၄ ရက်

ဘားအံအကျဉ်း​ထောင်​မှ ထွက်​​ပြေးလွတ်မြောက်ခဲ့သည့်​ အကျဉ်းသား ၄၂ ဦးအနက်​ ဖမ်းဆီးရန်​ ၁၆ ဦး ကျန်​ရှိ​နေ​သေးရာ ကရင်​ပြည်​နယ်​ရဲတပ်​ဖွဲ့မှ ရဲစခန်းအပိုင်​နယ်​​မြေအလိုက်​ မိတ်​ဘက်​အဖွဲ့ များနှင့်ပူး​ပေါင်းကာ ပိတ်​ဆို့ရှာ​ဖွေစစ်​​ဆေးခြင်းများကို ဆက်​လက်​​ဆောင်​ရွက်​လျက်​ရှိ​ပါသည်။

Continue reading “ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားများကို တွေ့ရှိပါက သတင်းပေးရန် မေတ္တာရပ်ခံခြင်း”

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသား ၁ ဦး ထပ်မံဖမ်းဆီးရမိ

ဘားအံမြို့၊ စက်တင်ဘာ ၂၀

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေပြီး ပြန်လည်ဖမ်းဆီးရမိရန် ကျန်ရှိနေသော အကျဉ်းသား (၂၀)ဦးအနက်မှ အောင်အောင် (ခ)ဖာစွပ် (၃၅)နှစ်၊ (ဘ)ဦးကမာလူတင်၊ မွတ်ဆလင်/ အစ္စလာမ်၊ တောင်ပိုင်းရပ်ကွက်၊ ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့၊ လက်နက် ၁၉(င) (ထောင်ဒဏ် ၂နှစ်) ကို မင်းဇီအထက်ကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်အချိန် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ၏ ဦးဆောင်သော ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့များက ထပ်မံဖမ်းဆီး ရမိ ခဲ့ပါသည်၊

Continue reading “ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသား ၁ ဦး ထပ်မံဖမ်းဆီးရမိ”

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသား ၁၅ ဦးနှင့် အချုပ်သား ၇ ဦးဖမ်းဆီးရမိ

ဘားအံမြို့၊ စက်တင်ဘာ ၁၈

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသားများနှင့် တရားရုံးစစ်ဆေးဆဲ အချုပ်သားများအနက် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအတွင်း အကျဉ်းသား ၁၅ဦး၊ အချုပ်သား ၇ ဦး၊ စုစုပေါင်း ၂၂ ဦး ပြန်လည်ဖမ်းဆီးရမိခဲ့ပါသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသား ၁၅ ဦးနှင့် အချုပ်သား ၅ ဦးဖမ်းဆီးရမိရန် ကျန်ရှိ

ဘားအံမြို့၊ စက်တင်ဘာ ၁၈

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသားများနှင့် တရားရုံးစစ်ဆေးဆဲ အချုပ်သားများအနက် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအတွင်း အကျဉ်းသား ၁၅ဦး၊ အချုပ်သား ၇ ဦး၊ စုစုပေါင်း ၂၂ ဦး ပြန်လည်ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ အကျဉ်းသား ၁၅ဦး၊ အချုပ်သား ၅ဦး၊ စုစုပေါင်း ၂၀ ဦး ဖမ်းဆီးရန်ကျန်ရှိနေပါသည်။

ပြန်လည်ဖမ်းဆီးရန် ကျန်ရှိနေသော အကျဉ်းသား/အချုပ်သား ၂၀ ဦးအား ကူညီစုံစမ်းဖမ်းဆီးခြင်း သို့မဟုတ် သတင်းပေးခြင်းများ ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။