ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသား ၁၅ ဦးနှင့် အချုပ်သား ၅ ဦးဖမ်းဆီးရမိရန် ကျန်ရှိ

ဘားအံမြို့၊ စက်တင်ဘာ ၁၈

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသားများနှင့် တရားရုံးစစ်ဆေးဆဲ အချုပ်သားများအနက် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအတွင်း အကျဉ်းသား ၁၅ဦး၊ အချုပ်သား ၇ ဦး၊ စုစုပေါင်း ၂၂ ဦး ပြန်လည်ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ အကျဉ်းသား ၁၅ဦး၊ အချုပ်သား ၅ဦး၊ စုစုပေါင်း ၂၀ ဦး ဖမ်းဆီးရန်ကျန်ရှိနေပါသည်။

ပြန်လည်ဖမ်းဆီးရန် ကျန်ရှိနေသော အကျဉ်းသား/အချုပ်သား ၂၀ ဦးအား ကူညီစုံစမ်းဖမ်းဆီးခြင်း သို့မဟုတ် သတင်းပေးခြင်းများ ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Leave a comment