ဘားအံအကျဉ်းထောင်မှ ထွက်ပြေးအကျဉ်းသား ၁ ဦး ထပ်မံဖမ်းဆီးရမိ

ဘားအံမြို့၊ စက်တင်ဘာ ၂၀

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေပြီး ပြန်လည်ဖမ်းဆီးရမိရန် ကျန်ရှိနေသော အကျဉ်းသား (၂၀)ဦးအနက်မှ အောင်အောင် (ခ)ဖာစွပ် (၃၅)နှစ်၊ (ဘ)ဦးကမာလူတင်၊ မွတ်ဆလင်/ အစ္စလာမ်၊ တောင်ပိုင်းရပ်ကွက်၊ ရွှေဂွန်းကျေးရွာ၊ လှိုင်းဘွဲမြို့၊ လက်နက် ၁၉(င) (ထောင်ဒဏ် ၂နှစ်) ကို မင်းဇီအထက်ကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်အချိန် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ၏ ဦးဆောင်သော ရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့များက ထပ်မံဖမ်းဆီး ရမိ ခဲ့ပါသည်၊

Untitled-1

ပြန်လည်ဖမ်းဆီးရမိရန် ကျန်ရှိနေသာ အကျဉ်းသား ၁၉ ဦးနှင့်ပတ်သက်၍ မိမိတို့ အနီးပတ်ဝန်းကျင်တွင် မသင်္ကာဖွယ် တစ်စုံတစ်ရာတွေ့ရှိပါက နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးခြင်းဖြင့် ပူးပေါင်းကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Leave a comment