ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားများကို တွေ့ရှိပါက သတင်းပေးရန် မေတ္တာရပ်ခံခြင်း

ဘားအံ၊ အောက်တိုဘာလ ၄ ရက်

ဘားအံအကျဉ်း​ထောင်​မှ ထွက်​​ပြေးလွတ်မြောက်ခဲ့သည့်​ အကျဉ်းသား ၄၂ ဦးအနက်​ ဖမ်းဆီးရန်​ ၁၆ ဦး ကျန်​ရှိ​နေ​သေးရာ ကရင်​ပြည်​နယ်​ရဲတပ်​ဖွဲ့မှ ရဲစခန်းအပိုင်​နယ်​​မြေအလိုက်​ မိတ်​ဘက်​အဖွဲ့ များနှင့်ပူး​ပေါင်းကာ ပိတ်​ဆို့ရှာ​ဖွေစစ်​​ဆေးခြင်းများကို ဆက်​လက်​​ဆောင်​ရွက်​လျက်​ရှိ​ပါသည်။

ဥပဒေပြဌာန်းချက်များ

ထိုသို့ ပိတ်​ဆို့ရှာ​ဖွေစစ်​​ဆေးခြင်းများ ​ဆောင်​ရွက်​စဉ်​ ​ဒေသခံများကို ထွက်​​ပြေးလွတ်​​မြောက်​​နေသည့်​ အကျဉ်း သားများနှင့်​ပတ်​သက်​၍ ထူးခြားမှုတစ်​စုံတစ်​ရာ​တွေ့ရှိပါက သတင်း​ပေးနိုင်​မည့်​ ဖုန်းနံပါတ်များကို ​ပြောကြားခြင်း၊ မိမိတို့​နေအိမ်​များတွင်​ ”လက်​သင့်​ခံထား” ပါက ရာဇသတ်​ကြီး ပုဒ်​မ ၂၁၆အရ အ​ရေးယူခံရမည်​ဖြစ်​၍ လက်​သင့်​ခံခြင်းမပြုဘဲ အမြန်​ဆုံးသတင်းပို့ကြရန်​ ရှင်းလင်း​ပာကြားခြင်းများလည်း ​ဆောင်​ရွက်​လျက်ရှိပါသည်။

“လက်​သင့်​ခံခြင်း” ဆိုရာတွင်​ ”ခိုလှုံရာ၊ အစားအ​သောက်​၊ ​ငွေ​ကြေး၊ အဝတ်​အထည်​၊ လက်​နက်​၊ ခဲယမ်း မီး​ကျောက်​၊ ယာဉ်​တစ်​မျိုးမျိုးကိုဖြစ်​​စေ ​ထောက်​ပံ့ခြင်းအပါအဝင်​ ဖမ်းဆီးခြင်းကို ထိုသူ​တိမ်း​ရှောင်နိုင်​​စေရန်​ တစ်​နည်းနည်းဖြင့်​ ကူညီခြင်း” တို့ပါဝင်​​ကြောင်း ရာဇသတ်​ကြီးပုဒ်​မ ၅၂တွင်​ ပြဋ္ဌာန်းထားပါ​သည်​။

မေတ္တာရပ်ခံခြင်း

ထို့​ကြောင့်​ ပြည်​သူများအ​နေဖြင့်​ အကျဉ်း​ထောင်​မှ ထွက်​​ပြေးလွတ်​​မြောက်​​နေဆဲဖြစ်​​သော အကျဉ်းသား ၁၆ ဦးကို လက်​သင့်​ခံထားခြင်းမပြုဘဲ နီးစပ်​ရာ ရဲတပ်​ဖွဲ့၊ တပ်​မ​တော်​၊ နယ်​ခြား​စောင့်​တပ်​ဖွဲ့၊ ငြိမ်းချမ်း​ရေးရယူထား​သော တိုင်းရင်းသားလက်​နက်​ကိုင်​ အဖွဲ့အစည်းများအပါအဝင်​၊ အုပ်​ချုပ်​​ရေးအဖွဲ့များ၊ ရပ်​မိရပ်​ဖများ လူမှုရေးအသင်း အဖွဲ့များနှင့်​ပူး​ပေါင်းကာ တာဝန်​သိသိဖြင့်​ ဝိုင်းဝန်း​ဖော်​ထုတ်​​ပေးကြရန်​ မေတ္တာရပ်ခံတိုက်​တွန်းအပ်ပါသည်​။

This slideshow requires JavaScript.

Leave a comment